Yoga Life - Taunggyi

Yoga Life - Taunggyi

Yoga Class Taunggyi

21/06/2023

9th Happy International Yoga Day

Namaste 🙏

12/02/2023

မိတ်ဆွေ တို့ကို ဖွေး ခုလေ့ကျင့် သင်ကြာပေးနေတဲ့ Pilates ဆိုတာလေးနဲ့ မိတ်ဆက်ပေးပါရစေ 😊😊

Pilates ဆိုတာဘာလဲ ?

Pilates သည် 20 ရာစုအစောပိုင်းတွင် ဂျာမန်ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးဆရာ Joseph Pilates မှတီထွင်ခဲ့သော စိတ်-ခန္ဓာကိုယ်လေ့ကျင့်ခန်းအမျိုးအစားဖြစ်သည်။ Pilates က သူ့ရဲ့နည်းလမ်းကို "Contrology" လို့ခေါ်ပါတယ်။

အကျိုးကျေးဇူးများ

🌸 ခန္ဓာကိုယ် ကြွက်သား တင်းမာမှုတွေကို သက်သာစေနိုင်ပါတယ်။

🌸 ကြွက်သားများကို ပိုမို ကျစ်လှစ် သန်မာစေပါတယ်။

🌸 Body Alignment & Adjustment မှန်ကန်စေပါတယ်။

🌸 Pilates သည် သင့်ခန္ဓာကိုယ်နှင့် ၎င်း၏လှုပ်ရှားမှုများကို သတိရှိပြီး အာရုံစူးစိုက်မှုပိုကောင်းစေပါသည်။

🌸 Mat Pilates နဲ့ Cadillac, Reformer, Chair, Berral ဆိုတဲ့စက်တွေနဲ့ဆော့လို့ရပါတယ်။

Edit: online class တွေပဲရှိပါမယ်ရှင့် 😊

Photos from Yoga Life - Taunggyi's post 31/12/2022

Happy New Year! 🎇🎆🪩

🪷 နှစ်သစ်မှစ၍ ချစ်ခင်ရသော မိတ်ဆွေများ အားလုံး...

🌸 စိတ်၏ချမ်းသာခြင်း

🌸 ကိုယ်၏ ကျန်းမာခြင်း

🌸ဘေးရန်ကင်းရှင်းပြီး

🌸 ကောင်းကျိုးလိုရာများ ပြည့်စုံကြပါစေရှင့် .......

24/12/2022

Merry Christmas to you all &

Blessing Christmas to you all 🎅🎄❄️☃️

Photos from Yoga Life - Taunggyi's post 09/10/2022

🌟 သီတင်းကျွတ်ရာသီမှာ 🪷
✨ ကျန်းမာခြင်း 🪷
✨ ချမ်းသာကြွယ်ဝခြင်း 🪷
✨ ပျော်ရွှင်ခြင်း 🪷
✨ ချစ်သူခင်သူပေါများခြင်း 🪷
✨ စိတ်နှလုံးချမ်းမြေ့ခြင်း 🪷
✨ ကြံစဉ်သမျှအောင်မြင်ခြင်း 🪷
✨ အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း 🪷
✨ လာဘ်လာဘကြွယ်ဝခြင်း 🪷
✨ ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါစေကြောင်း
✨ Yoga Life မှဆုမွန်ကောင်းခြွေပါတယ် 🪷

🪷🪷🪷ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ🙏🙏🙏

Photos from Yoga Life - Taunggyi's post 29/06/2022

မာတာကွတ်(Monther Quart)
🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯
ဒီသကြားသီးဆိုတာက ဈေးကွက်ထဲမှာရောင်းချနေတဲ့ သကြားသီးမဟုတ်ပါဘူး။ အလေ့ကျပေါက်ပင်လိုမျိုးတွေ မိမိပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ အသီးနီနီလေးတွေသီးတဲ့ သကြားပင်ရဲ့ အသီးနီနီလေးတွေကို ဆိုလိုချင်တာပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ အခုတစ်ခေါက် ဒီအသီးလေးတွေက ဘယ်လိုဆေးဖက်ဝင်လဲ ဆိုတာကိုပြောပြပေးပါရစေ။ ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။

သကြားသီးနီနီလေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

✳✳✳✳✳✳✳✳✳✳✳✳✳✳✳

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။

သကြားသီးက ခန္ဓာကိုယ်ထဲကို ပြင်ပကဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြားသီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ် တဲ့ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေတယ်
❇❇❇❇❇❇❇❇❇❇❇

သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ သဘာဝအရောင်ကျဆေးတစ်မျိုးလို့လည်းဆိုလို့ရပါတယ်။ သကြားသီးက အရောင်ကျဆေးတွေနီးပါး ထိရောက်မှုရှိ ပါတယ်။ အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။

ဂေါက်ရောဂါကို သက်သာစေနိုင်ပါတယ်
❇❇❇❇❇❇❇❇❇❇❇❇❇❇

ဂေါက်ရောဂါဆိုတာက အဆစ်တွေရောင်ရမ်းပြီး နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ အဆစ်ထဲကနေ တဆစ်ဆစ်နာပြီး နီရဲရောင်ရမ်းနေတတ်ပါတယ်။

ဂေါက်ရောဂါက အမျိုးသားတွေမှာ အဖြစ်များပြီး အဆစ်တွေ၊အရွတ်တွေနဲ့ အခြားတစ်ရှုးတွေကို ထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကို ဂေါက်ရောဂါသက်သာစေဖို့အတွက် စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကို သကြားသီး ၉ လုံးကနေ ၁၂ လုံးအထိစားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေထိခိုက်နာကျင်တာကို သက်သာစေနိုင်မှာပါ။

ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုကောင်းစေနိုင်တယ်
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

ဖလေဗာနွိုက်ကြွယ်ဝတဲ့အစားအစာတွေက ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်မှုတွေကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ သကြားသီးမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်ကို ကောင်းမွန်စေပြီး လူကြီးတွေမှာဖြစ်တတ်တဲ့ အသက်အရွယ်ရလာလို့မေ့တတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳

သကြားသီးမှာပါတဲ့ Cytoxic Flavnoids က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ တော်တေ်ာလေးအသုံးဝင်ပါ တယ်။ အသီးတင်မကဘဲ သကြာသီးပင်ရဲ့ အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိ်နေတာပါ။ ရင်သားကင်ဆာကလွဲလို့ အခြားကင်ဆာတွေကိုတိုက်ဖျက်ရာမှာ သကြားသီးက အထောက်အကူပြုပေးပါတယ်။

ယူရစ်အက်ဆစ်ကို လျှော့ချပေးတယ်
✳✳✳✳✳✳✳✳✳✳✳✳✳

သကြားသီးမှာ ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေပိုလျှံနေတာမျိုးမဖြစ်အောင် ကာကွယ်ရာမှာ အထောက်အကူပြုပေးတဲ့ Anthrosyanin လို့သိကြတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပါတယ်။ သကြားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကိုကျဆင်းစေနိုင် ပါတယ်။

ကင်ဆာကျိတ်ကို လျော့ပါးစေတယ်
✳✳✳✳✳✳✳✳✳✳✳✳

သကြားသီးမှာပါတဲ့ ဖလေဗာနွိုက်က ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ သကြားသီးရဲ့ အရွက်နဲ့ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကို တားဆီးနိုင်တဲ့ အာနိသင်ရှိ်တာပါ။

အစာအိမ်ဝေဒနာကို သက်သာစေနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳✳✳✳

သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းက အစာအိမ်ထဲမှာ လေထတာကိုသက်သာစေနိုင်ပါတယ်။ သကြားသီးက လေသက်စေနိုင်သလို၊ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေ နိုင်ပါတယ်။

ဆီးချိုသက်သာစေတယ်
✳✳✳✳✳✳✳✳✳

သကြားသီးက ချိုတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေ နဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်မှာဖြစ်ပါတယ်။

ရာသီလာစဉ်ကိုက်ခဲတာကို သက်သာစေနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳

သကြားသီးရော သကြားသီးပင်ရဲ့ အပွင့်ကပါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

အမျှင်ဓာတ်ရရှိစေနိုင်တယ်
✳✳✳✳✳✳✳✳✳

သကြားသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ သကြားသီးက သွေးတွင်းအဆီနဲ့ကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး ဝမ်းလည်းမှန်စေပါတယ်။

အစာအိမ်အနာကို သက်သာစေနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳✳✳✳

အစာအိမ်အနာရှိသူတွေအနေနဲ့ သကြားသီးစားသုံးပေးသင့်ပါတယ်။ သကြားသီးက အစာအိမ်အနာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်ခုပါ။ သကြားသီးပင်က ရောင်ရမ်းနာကျင်မှုကိုလျော့ပါးသက်သာစေနိုင် တာကြောင့် အစာအိမ်ထဲက အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်
✳✳✳✳✳✳✳✳✳✳✳

သကြားသီးမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးအားနည်းသူတွေလည်းစားသုံးပေးသင့်ပါတယ်။

သကြားသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် အအေးမိ၊ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုး ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်
✳✳✳✳✳✳✳✳✳

သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံး ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက
နှလုံးကျန်းမာစေနိုင်တယ်။

သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံး ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက နှလုံးဆိုင်ရာ ဝေဒနာတွေဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်သက်သာစေတယ်
✳✳✳✳✳✳✳✳✳✳✳

သကြားသီးရောအရွက်ကပါ အအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင် ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကိုစားပေးတာဖြစ်ဖြစ် အရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲ ခတ်သောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်ခင်ဗျား....
Crd

Photos from Yoga Life - Taunggyi's post 21/06/2022

အုန်းစိမ်းရည်
သောက်သုံးခြင်းအကျိုးနှင့်

ဘယ်လိုလူတွေသောက်ရင် အန္တရာယ်ဖြစ်
စေတယ်ဆိုတာ ဗဟုသုတအဖြစ်မျှဝေသည်။

အုန်းစိမ်းရည်
သောက်ရင် ရမယ့် အကျိုးကျေးဇူး ၅ ခု
-----------------------------------------------------

လူတွေအတွက် နေ့စဉ် နေ့တိုင်း
တစ်နေ့ တာလုံးမှာ ရေဓါတ် ပြည့်ဝနေဖို့

အရေးကြီးပါတယ်။
ရေဟာ ခန္တာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှား
ပေးပါတယ်။ ရေဓါတ် ဖြည့်တင်းပေးနိုင်တဲ့ အရာက အုန်းရည် ဖြစ်ပါတယ်။

အုန်း စိမ်းရည် သောက် ချင်း အား ဖြင့်
____________

၁။ အသားအရေ လှပခြင်း

အသားအရေ မွဲခြောက် နေသူများ၊ ၀က်ခြံထွက်သူများ အတွက် အုန်းရည်က

အကျိုးရှိပါတယ်။ အုန်းစိမ်းရည်သောက်ရင် အသားအရေ စိုပြည်စေပါတယ်။

အုန်းစိမ်းရည်က အဆီပြန်ခြင်း ကိုလည်း တားဆီးပေးပါတယ်။ အဲဒါကြောင့်

ဒီနေ့ခေတ် အလှကုန်များစွာမှာ အုန်းစိမ်း ရည် ပါ ရှိတာ ဖြစ်ပါတယ်။



၂။ ရေဓါတ် ဖြည့်တင်းပေးခြင်း

အုန်းစိမ်းရည်မှာ Electrolytes ပါတဲ့အတွက် ရေဓါတ် ပြည့်၀ပါတယ်။ ဒါ့အပြင်

အုန်းစိမ်းရည်ဟာ ရေလိုမဟုတ်ဘဲ ပိုးမွှားကင်းစင်ပါတယ်။ အုန်းစိမ်းရည်မှာ

ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓါတ် ၅ မျိုး ပါရှိပါတယ်။

အဲဒါတွေက မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရတ် နဲ့

ပိုတက်စီယမ်တို့ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်တဲ့ လူများအတွက်

ရေဓါတ် ပြန်လည် ပြည့်ဝစေပါတယ်။



၃။ အစာခြေဖျက်ပေးခြင်း

အုန်းစိမ်းရည်က အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။

အမျှင်ဓါတ်ပါတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အက်ဆစ်ဓါတ်ကို

လျှော့ချပေးပါတယ်။ အစာမကြေတတ်သူများအတွက် လျှင်မြန်စွာ

သက်သာစေပါတယ်။


၄။ သွေးတိုး ကျစေခြင်း

သွေးတိုးရောဂါကြောင့် ကမ္ဘာအ၀န်းမှာ လူ သန်းနဲ့ချီ ဝေဒနာ

ခံစားနေရပါတယ်။ အုန်းစိမ်းရည်ဟာ သွေးတိုး ကျစေတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။

အုန်းစိမ်ူရည်မှာ ပါတဲ့ Electrolytes က သွေးဖိအားကို ထိန်းညှိပေးပါတယ်။


၅။ အိုမင်းခြင်းကို ကာကွယ်ခြင်း

အုန်းစိမ်းရည်မှာ ပါတဲ့ Cytokinins က အိုမင်းခြင်းကို ကာကွယ်ပေးပါတယ်။

ဆဲလ်များ အားနည်းခြင်း ကို ကာကွယ်ပေး တဲ့ အတွက် ကင်ဆာ

ရောဂါများကိုတောင် ကာကွယ်ပေးပါတယ်။

အုန်းစိမ်းရည်ဟာ ကျန်းမာရေးအတွက် အလွန် သင့်တော်ပါတယ်။

အုန်းစိမ်းရည် ရတဲ့ နေရာတိုင်းမှာ မဖြစ်မနေ သောက်သုံးသင့်ပါတယ်။

ပုံမှန် သောက် သုံးရင် တော့
အကောင်းဆုံး ဖြစ် ကြောင်း သိရှိရပါတယ်
________________

အုန်းသီးထဲမှ အုန်းစိမ်းရည်ဟာ လူ့အသက်ကို ကယ်တင်
ပေးနိုင်စွမ်း ရှိပုံနဲ့ ပတ်သက်ပြီး အကောင်းဆုံး
သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် . . .

ဒုတိယကမ္ဘာစစ်အတွင်းက
ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ

အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့
စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည် ပုလင်းတွေကို
အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ

ဆရာ၀န်တွေဟာ အုန်းသီးစိမ်း နုနုထဲက သန့်စင်တဲ့ အုန်းစိမ်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့
ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်..

အုန်းစိမ်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့
ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့
သင့်တော်တယ်လို့ သိရပါတယ်..

ကျန်းမာရေး
ကိုယ်ဝန်ဆောင် မိခင်နှင့် အုန်းစိမ်းရည် . .
____________________
ဲ့ အုန်းစိမ်းရည်မှာ အစွအံ့ဩဖွယ်မ်းသတ္တိတွေရှိနေပါတယ်
မိခင်များအတွက် အုန်းရည်ရဲ့ အကျိုးကျေးဇူးလေးတွေ ကြည့်လိုက်ရအောင်။

အုန်းရည်မှာ

Calories – 46%
Sodium – 252 g
Potassium – 600 g
Carbohydrates – 8.9 mg
Dietary Fiber – 2.6 mg
Sugar – 6.26 mg
Calcium – 6% ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေ အုန်းစိမ်းရည်သောက်ရင် ရရှိမယ့် အကျိုးကျေးဇူးတွေက

ကျောက်ကပ်အား ကောင်းစေပြီး ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။

ခန္ဓာကိုယ်ရဲ့ ရေဓာတ်နဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
နာမကျန်းဖြစ်ခြင်းနဲ့ အော့အန်ခြင်းကိုလည်း သက်သာစေပါတယ်။

ရင်ပူခြင်း အစာမကြေခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ကို တားဆီးပေးပါတယ်။
ကိုယ်ခံအားတိုးမြင့်စေပြီး ရောဂါဝင်ရောက်မှုကို လျှော့ချပေးနိုင်ပါတယ်။

အဝမလွန်စေဖို့ အုန်းစိမ်းရည်က ကူညီပေးပါတယ်။

ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းနှင့် ယောဂကျင့်စဉ်များအပြီးတွင် အားဖြည့်အချိုရည်အဖြစ် သောက်သုံးပေးနိုင်ပါတယ်။
သကြားပါဝင်မှုနည်းလို့ ဆီးချိုလည်း ကျစေပါတယ်။

သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ (အုန်းစိမ်းရည်သောက်ခြင်းဟာ သန္ဓေခိုင်စေတယ်လို့လည်း ရှေးလူကြီးတွေ ဆိုပါတယ်)

အုန်းစိမ်းရည်သောက်ခြင်းကြောင့် ရေမြွှာအိတ်ထဲက ရေမြွှာရည်ပမာဏ တိုးစေပါတယ်။

မိခင်က အုန်းရည်သောက်လျှင် ကလေးငယ်ရဲ့ ဆံပင်သားကို ကောင်းမွန်စေပါတယ။်

ကလေးရဲ့ အသားအရေနဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

မွေးဖွားပြီးချိန်တွင် အုန်းစိမ်းရည်သောက်သုံးပါက မိခင်နို့ထွက်အားကောင်းစေပါတယ်။
သွေးလှည့်ပတ်မှုကို ထိန်းညှိပေးပြီး ညဘက်ကိုလည်း ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် အုန်းစိမ်းရည်သောက်ခြင်းကြောင့် ရရှိမယ့် ဘေးထွက်ဆိုးကျိုးတွေကတော့ တိကျတဲ့ သက်သေပြချက်တွေမရှိသေးပါဘူး။

အဲ့ဒါကြောင့် အုန်းစိမ်းရည်ကို မိခင်လောင်းများ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။

တစ်နေ့လျှင် အုန်းစိမ်းရည် တစ်ဖန်ခွက် သောက်သုံးနိုင်ပြီး လတ်ဆတ်သန့်ရှင်းသော အုန်းရည်ကို သောက်လျှင် ပို၍ ကောင်းပါတယ်။

အခြားသော လိုအပ်တဲ့ အစာအာဟာရများ ဆေးဝါးများအပြင် သဘာဝဓာတ်စာဖြစ်တဲ့ အုန်းစိမ်းရည်ကို သောက်သုံးပေးခြင်းဖြင့် မိခင်ရော ကလေးပါ ကျန်းမာစေပါလိမ့်မယ်

အလှအပဆိုင်ရာ
---------------------
မျက်နှာအဆီပြန်သူ တို့အတွက် အုန်းစိမ်းရည်။
--------------------------------------------

မျက်နှာပြင်မှ အဆီပြန်၊ ချွေးထွက်လို့ စိတ်ပျက်နေသူတို့
အတွက်ပါ။ ဒါတွေကြောင့်မို့လို့ ဝင်းလက်တောက်ပတဲ့
မျက်နှာပြင် အလှတွေပျက်နေတယ်လို့
သင်ထင်ပါသလား။

မျက်နှာပြင်အဆီပြန်တာကို ဇျေးကြီးတဲ့
အလှပြင် ပစ္စည်း တွေကို တကူတက ရှာဖေ
ွ ဝယ်ယူနေစရာမလိုပဲ လတ်ဆတ်တဲ့
အုန်းရည်ကို အသုံးပြု ဖြေရှင်းနိုင်ပါတယ်။

အသားအရေ ထိန်းသိမ်းဆောင့်ရှောက်ခြင်း အတွက်
အုန်းစိမ်းရည်ကို အသုံးပြုလျှင် မျက်နှာပြင်သန့်စင်ပေးခြင်းနှင့်
တိုနာအဖြစ် လည်းကောင်း အကျိုးသက်ရောက်မှု
နှစ်မျိုးကို တချိန်တည်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်ပေါ်ရှိ အဆီများကို ဖယ်ရှားကာ
သဘာဝအတိုင်း အသားအရေကို
လင်းလက်တောက်ပစေမှာ ဖြစ်ပါတယ်။

ဝက်ခြံနှင့် မျက်နှာပေါ်ရှိ အစွန်းအထင်း တို့ကိုပါ
သန့်စင်ပေးသည်။ အရွယ်မရောက်ခင် အိုမင်းရင့်ရော်ခြင်းကိုလဲ တားမြစ်ပေးနိုင်သည်။

ဂွမ်းစကို လတ်ဆတ်တဲ့ အုန်းရည်မှာ နှစ်ပြီး
မျက်နှာပြင်ပေါ်မှာ သုတ်လိမ်းပေးပါ။

အေးမြတဲ့ အရသာကို လိုချင်ရင် ဂွမ်းစကို အုန်းစိမ်းရည်ထဲ
နှစ်အပြီးမှာ ရေခဲတုံးကလေးများပေါ်တွင်
ခေတ္တ တို့သုတ်ပြီးမှ မျက်နှာကို သုတ်လိမ်းပါ။

ပြီးရင် မျက်နှာကို လေသလပ်၍ အခြောက်ခံပါ။
ငွေကုန်ကြေးကျ မများပဲ အလွယ်တကူ မျက်နှာကို အလှဆင်နိုင်ကြပါစေ။

Credit. . .

အုန်းစိမ်းရည်ကို ဓာတ်ခွဲစမ်းသပ်ကြည့်ပါက အုန်းစိမ်းရည်တစ်အောင်စမှာ ကယ်လိုရီ ၅.၄၅ ကယ်လိုရီ ၊ သကြားဓာတ် ၁.၃ ဂရမ်၊ ပိုတက်စီယမ် ၆၁.ဝ မီလီဂရမ်၊ ဆိုဒီယမ် ၅.၄၅ မီလီဂရမ် တို့အဓိကပါဝင်နေပါတယ်.. အုန်းစိမ်းရည်ဟာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်.. အနေတော်အုန်းသီးစိမ်းတစ်လုံးမှာပါတဲ့ ပိုတက်စီယမ်ပမာဏဟာ ငှက်ပျောသီး (၄) လုံးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ပမာဏနဲ့ ညီမျှပါတယ်.. ဒါ့ကြောင့် အုန်းစိမ်းရည်ကို သောက်သုံးပေးရင် ရေငတ်ပြေရုံမက ကုန်ဆုံးသွားတဲ့ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်များပါ ဖြည့်ပေးတာကြောင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်.. နာမည်ကျော်အားကစားသမားတွေဟာ ကစားစဉ်အတွင်းမှာ အုန်းစိမ်းရည်ကို မကြာခဏသောက်ပေးခြင်းဖြင့် မောပန်းနွမ်းနယ်မှုလျော့နည်းစေတာကို တွေ့ရပါတယ်.. ဝမ်းပျက်ဝမ်းလျှောတဲ့သူတွေလည်း ဓာတ်ဆားရည် အလွယ်တကူ ဝယ်မရတဲ့ဒေသများမှာ အုန်းစိမ်းရည်သောက်ပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ ပိုတက်စီယမ်ဓာတ်နဲ့ ရေဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ်..

ဒုတိယကမ္ဘာစစ်ကာလက ရှေ့တန်းစစ်မြေပြင်မှာ သွေးကြောသွင်းဆေးရည်များ ပြတ်လပ်တဲ့အခါ သွေးပေါင်ချိန်ကျဆင်းပြီး ရှော့ခ်ရနေတဲ့လူနာတွေကို အုန်းစိမ်းရည်နဲ့ သွေးကြောထဲတိုက်ရိုက်ထိုးသွင်းပြီး
ကုသခဲ့တဲ့ သမိုင်းအထောက်အထားများလည်း ရှိခဲ့ပါတယ်..

( ဒါပေမဲ့ ကျောက်ကပ်မကောင်းတာကြောင့်
ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်များပြီး ပြင်ပကိုမစွန့်
ထုတ်နိုင်လို့ ပိုတက်စီယမ်များနေသူတွေ ဒါမှမဟုတ် အခြားအကြောင်းကြောင့် သွေးထဲမှာပိုတက်စီယမ်များနေသူတွေအုန်းစိမ်းရည်ကို မသောက်သင့်ပါဘူး.. ပိုတက်စီယမ် အလွန်အကျွံများလာရင် နှလုံးကိုထိခိုက်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်.. ဒါ့ကြောင့် သာမန်ကျန်းမာနေသူတွေလည်း အုန်းရည်ကို ရေသောက်သလို အများကြီးမသောက်သင့်ပါဘူး.. တစ်နေ့ကို အနေတော် အုန်းသီးစိမ်းနှစ်လုံးကရရှိတဲ့ ပမာဏထက် ပိုမသောက်သင့်ပါ.. ပုံမှန်တစ်နေ့တစ်လုံး သောက်ရင်တော့ ပြဿနာမရှိပါဘူး..)

သွေးတိုးရောဂါရှိသူတွေ အုန်းစိမ်းရည်ကို
ပုံမှန်သောက်ရင် သွေးပေါင်ကျစေရန် အထောက်
အကူပြုပါတယ်.. အုန်းစိမ်းရည်မှာ ပိုတက်စီယမ်နဲ့
ဆိုဒီယမ်အချိုးအစားဟာ သွေးတိုးသမားများအတွက်အထူးကောင်းမွန်လှပါတယ်.. သွေးတိုးသမားအများစုမှာ ဆိုဒီယမ်များနေလေ့ရှိပြီး ပိုတက်စီယမ်ချို့တဲ့နေလေ့ရှိပါတယ်.. ဒါ့ကြောင့် အုန်းစိမ်းရည်အပြင် တခြားသစ်သီးများစားခြင်းအားဖြင့် သွေးတိုးကျစေရန် အထောက်အကူပြုပါတယ်.. အရေးအကြီးဆုံးအချက်ကတော့ အုန်းစိမ်းရည်ကို ခွဲပြီးချက်ချင်းသောက်ရမှာဖြစ်ပါတယ်.. အုန်းစိမ်းရည်ကို ချက်ချင်းသောက်မယ်ဆိုရင် ရောဂါပိုးမွှားတွေမဝင်ဘဲ အလွန်သန့်ရှင်းစင်ကြယ်နေမှာဖြစ်ပြီး ခွဲပြီးနောက် အပြင်မှာတာရှည်ထားမယ်ဆိုရင် လေထဲကရောဂါပိုးတွေဝင်ရောက်ပေါက်ဖွားပြီး လူကိုအန္တရာယ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်..

#မာံသုခ

06/05/2022

ဒူးရင်းသီးတွင် ပါဝင်သော အာပာာရများ

1. အမျှင်ဓါတ်
2. ဗီတာမင် A
3. ဗီတာမင် B6
4. ဗီတာမင် B12
5. ဗီတာမင် C
6. ပိုတက်ဆီယမ် (Potassium)
7. ကယ်လဆီယမ် (Calcium)
8. သံဓါတ်
9. မဂ္ဂနီဆီယမ် (Magnesium)
10. ဖော့လစ်အက်ဆစ်
11. ဖော့စဖောရပ်(Phosphorus)

100 gram (သုံးမွှာခန့်) တွင်
1. ကယ်လိုရီ - 147 ကယ်လိုရီ
2. Carbohydrate - 27 gram
3. Protein - 1.5 gram
4. Fat - 5 gram
5. Sodium - 2 mg
6. Potassium - 436 mg

ပိုတက်ဆီယမ် (Potassium) ပါဝင်မှု့ များတဲ့ အတွက် ကျောက်ကပ်ရောဂါ ဝေဒနာရှင် များ သတိထားစားဖို့တော့လိုပါတယ်။

Glycemic Index (သကြားပါဝင်မှု့) မြှင့်တဲ့ အတွက် ဆီးချို ရောဂါ ဝေဒနာရှင်များလည်း သတိထားစားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် သက်ဆိုင်ရာ ဆရာဝန် နှင့် တိုင်ပင်ပြီးမှ စားပါ။

ဒူးရင်းသီးစားရင်ဘာတွေ ကောင်းပြီး ဘာတွေ မကောင်းဘူးလဲ
1. ဒူးရင်းသီးမှာ အမျှင်ဓါတ်များတဲ့ အတွက် ဝမ်းပုံမှန်သွားစေပါတယ်။
2. ကယ်လဆီယမ်(ထုံးဓါတ်) နှင့် မဂ္ဂနီဆီယမ် ဓါတ်တို့ပါဝင်တဲ့ အတွက် အရိုးကျန်းမာရေး အတွက် ကောင်းမွန်ပါတယ်။
3. သံဓါတ် နှင့် ဖောလစ် အက်ဆစ်ပါတဲ့ အတွက် သွေးအားနည်းရောဂါ ကို ကာကွယ်ပေးပါတယ်။
4. အခြားသော ဗီတာမင် နှင့် သတ္တုဓါတ် တွေ ပါဝင်တဲ့ အတွက် ကင်ဆာ ဓါတ်တိုးဆန့်ကျင်သတ္တိ ရှိပြီး ကင်ဆာရောဂါ များ ကို ကာကွယ်ပေးနိုင်ပါတယ်။
5. အိပ်မပျော်တဲ့ ရောဂါ (insomnia) ကို သက်သာစေခြင်း - ဒူးရင်းသီးမှာ ပါတဲ့ Tryptophan က ခန္ဓာကိုယ် ထဲ မှာ serotonin အဖြစ်ပြောင်း လဲ သွားပြီး သွေးထဲ သို့ melatonin ထွက်စေပြီး အိပ်ပျော်စေပါတယ်။

ဒူးရင်းသီးစားရင် သွေးတိုးတယ် ဆိုတာ မှန်ပါသလား????
တကယ်တော့ ဒူးရင်းသီးစားရင် သွေးမတိုးပါဘူး။ သူက ပိုတက်ဆီယမ် များတဲ့ အတွက်ကြောင့် သွေးပေါင်ချိန်တောင် ကျစေပါတယ်။ ဒါပေမယ့် သူ့ကို သွေးကျတယ် ဆိုပြီး အများကြီးမစားသင့်ပါ။ ဒူးရင်းသီး 500 ဂရမ် ၁၅ မွှာခန့် စားမိပါ က ပိုတက်ဆီယမ် ဓါတ်တွေ အရမ်းများ သွားပြီး နှလုံးခုန်နှုန်းတွေ အရမ်း မြန်လာတတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ ရှိတဲ့ သူတွေ အနေနဲ့ ကတော့ သုံး၊လေးမွှာ ထက်ပို မစားသင့်ပါ။ ဒီအပြင် ဆီးချို သမားတွေ မှာလည်း သကြားဓါတ်ပါဝင်မှု့များတဲ့ အတွက် မစားသင့်တဲ့ အသီးထဲ မှာပါပါတယ်။

ဒါဆို သူ့စားပြီးရင် ဘာလို့ အိပ်ငိုက်လာလဲ၊ ခေါင်းမူးလာလဲ ????

ဒါကတော့ ဒူးရင်းသီး မှာ အချိုဓါတ် (glycemic old and glycemic index) များလို့ပါ။

ဒူးရင်းသီးကို ဘာနဲ့ တွဲမစားသင့်ဘူးလဲ????

1. ကော်ဖီ နဲ့ တွဲမစားသင့်ပါ။ ကော်ဖီ မှာ ပါဝင်တဲ့ caffeine ဓါတ်က ရင်တုန်စေသလို၊ ဒူးရင်းသီး မှာ ပါတဲ့ ပိုတက်ဆီယမ် ကလည်း ရင်တုန်စေတဲ့ အတွက် တွဲဖက် မစားသုံးသင့်ပါ။ ထို့အတူ caffeine ဓါတ်ပါတဲ့ လက်ဖက်ရည်၊ ကိုလာ တို့ နှင့် လည်းတွဲသောက်ရင် ရင်တုန်စေနိုင်ပါတယ်။
2. အရက်၊ ဘီယာနဲ့ တွဲဖက် မစားသင့်ပါ။ ဒူးရင်းသီးမှာ ပါဝင်တဲ့ sulphur နဲ့ အရက်တို့ ဓါတ်ပြု ကာ ဒုက္ခပေးနိုင်ပါတယ်။

(အထက်ပါ ဓါတ်ပြုမှု့တွေ က ပမာဏ အများကြီးစားမှ ဖြစ်တာပါ။)

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

28/04/2022

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။

အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှ
အသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။

အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။ အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း
ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက်
လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို
သွေးလှည့်အဖွဲ့အစည်းထဲရောက်ရှိပြီး
ရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်ပေးပါသည်။

04/04/2022

မဂ်လာပါရှင့် 🙏

တစ်နေ့တာလုံးရဲ့ ပင်ပန်းနွမ်းနယ် ၊ညောင်းညာတာများ ပြေလျော့စေဖို့အတွက် ဒီ vedio လေးအတိုင်းလိုက်လုပ်
ကြည့်ပီး နှစ်ခြိုက်စွာ အိပ်ပျော်ကြပါစေရှင့်။

ကောင်းသောညလေးဖြစ်ပါစေ...။

Photos from Yoga Life - Taunggyi's post 02/01/2022

🧘‍♀️🧘‍♀️🧘‍♀️ Yogi လေးများနှင့်

တောင်ပေါ်သို့ လမ်းလျှောက် ထွက်ရင်း 🚶‍♀️🚶‍♀️🚶‍♀️

ဓာတ်ဖမ်း 📷 📷 📷

Photos from Yoga Life - Taunggyi's post 01/01/2022

မဂ်လာပါရှင့် 🙏
🍀 2022 နှစ်သစ်မှစပြီး အားလုံး
☘ ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်းတွေ
🍀 ပြည့်ဝကြပါစေလို့ Yoga Life မှဆုတောင်းမေတ္တာ
☘ ပို့သပါတယ်ရှင့် 🙏🙏🙏

25/12/2021

Merry Christmas to you all & Blessing Christmas to you all 🎄🎄🎄

Photos from Yoga Life - Taunggyi's post 08/12/2021

ညဘက်တွေမှာ အိပ်မပျော်လို့ ကျန်းမာရေးထိခိုက်နေတယ်ဆိုရင်တော့ ဒီနေ့မှာ ဖော်ပြပေးမယ့် ကျန်းမာရေးကဏ္ဍလေးကို အချိန်ခဏလောက်
ပေးပြီး ဖတ်ကြည့်လိုက်ပါ...
************************************************************************
ညအိပ်မပျော်ဖြစ်နေသူများ မှတ်သားထားသင့်သည့် ဆောင်ရန်ရှောင်ရန်အချက် ၉ချက်
ပျှဉ်းမျှအားဖြင့် လူတစ်ယောက်ဟာ တနေ့မှာ အိပ်ချိန် ၈နာရီနီးပါးရှိသင့်ပါတယ်။ ၈နာရီကတော့ လုံလောက်တဲ့အိပ်စက်မှုဖြစ်ပြီး အကယ်၍ ၅နာရီမပြည့်တဲ့ အိပ်စက်မှုရက်ဆက်ဖြစ်လာပြီဆို သင့်အနေနနဲ့ ကျန်းမာရေးအတွက်ဆိုးဆိုးရွားရွား ထိခိုက်စေမယ့် အခြေအနေဖြစ်ပါတယ်။။ အိပ်ချိန်နည်းပါးခြင်းဟာ လူတစ်ယောက်ရဲ့ ဘ၀သက်တမ်းကို တိုတောင်းသွားစေနိုင်ပြီး အ၀လွန်ခြင်း ၊ နှလုံးရောဂါ နဲ့ ဆီးချို ၊ သွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါ တွေအပါအ၀င် အခြားသော ကျန်းမာရေးထိခိုက်မှု အခြေအနေတွေကို ဖြစ်လာနိုင်စေပါတယ်။ ဒါ့ကြောင့် ညဘက်မှာ အိပ်မပျော်ဖြစ်နေတဲ့ စာဖတ်ပရိတ်များအတွက် လိုက်နာရမယ့်ဆောင်ရန်ရှောင်ရန်တစ်ချို့ကို ပြောပြချင်ပါတယ်။

၁။ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ နေ့စဉ်အချိန်ဇယားတစ်ခုသတ်မှတ်ထားပါ။
အိပ်စက်ချိန်နဲ့ ပတ်သက်ပြီး အချိန်မှန်မှန်ဖြစ်စေဖို့ နေ့စဉ် ညအိပ်ချိန်ကို ပုံမှန်သတ်မှတ်ပြီး အချိန်ဇယားတစ်ခုပြုလုပ်ထားသင့်ပါတယ်။ ထိုသို့အချိန်ဇယားသတ်မှတ်ထားခြင်းဟာ အိပ်ချိန်မတိုင်မီလုပ်ဆောင်ရမယ့်တာ၀န်များကိုလည်းမြန်ဆန်စွာပြီးမြောက်နိုင်စေပါပြီး အိပ်ချိန်တန်အိပ်၊ ထချိန်တန်ထရမယ့်အချိန်ကို ပုံမှန်ဖြစ်စေပါတယ်။

၂။ တစ်နေ့တစ်ခါနေရောင်ခြည်ထိတွေ့မှုရှိပါ။
နေ့တစ်နေ့တာအတွင်း မိမိခန္ဓာကိုယ်ကို နေရောင်ခြည်အနည်းငယ်ထိတွေ့မှုရှိဖို့ လိုအပ်ပါတယ်။ မနက်ခင်းလမ်းအနည်းငယ်လျှောက်ပေးခြင်းဖြင့် မနက်ခင်းနေရောင်ခြည်ထိတွေ့မှုရရှိစေတာကြောင့် ပိုမိုသင့်တော်စေပြီး ညအိပ်မပျော်ခြင်းအတွက် အထောက်အကူပြုမှာဖြစ်ပါတယ်။

၃။ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ပါ။
လူတစ်ယောက်ဟာ တစ်နေ့တာအတွင်း ကိုယ်လက်လှုပ်ရှားမှုအနည်းနဲ့အများရှိသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိမှ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မရခဲ့ရင်တောင် နေ့စဉ် ၁၀မိနစ်မှ ၁၅မိနစ်ခန့် လမ်းပုံမှန်လျှောက်ပေးဖို့ လိုအပ်ပါတယ်။

၄။ တီဗီ၊ ကွန်ပျုတာနဲ့ မိုဘိုင်းဖုန်းများကိုပိတ်ထားပါ။
ညဘက်အိပ်မပျော်တာကြောင့် တီဗီ၊ ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများကို သုံးစွဲတာမျိုးဟာ လွဲမှားနေတာဖြစ်ပါတယ်။ ၄င်းတို့ဟာ အိပ်စက်မှုစွမ်းရည်ကိုကျဆင်းစေကာ နှိုးကြားတက်ကြွမှုကို လှုံဆော်ပေးပါတယ်။ ထို့ပြင်အိပ်လိုစိတ်ဖြစ်ပေါ်စေသည့် ဦးနှောက်မှမယ်လတိုနင် ထွက်ရှိမှုကို ရပ်တန့်စေပြီး နှိုးကြားမှုစွမ်းရည်ကို ဖြစ်ပေါ်စေပါတယ်။ သင့်အနေနဲ့ အိပ်မပျော်ဖြစ်ခဲ့ရင် ထိုအရာများကို အသုံးပြုမယ့်အစား တည်ငြိမ်အေးချမ်းတဲ့ တေးဂီတများနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း တို့ကိုအစားထိုးခြင်းဖြင့် အိပ်မပျော်ဖြစ်ခြင်းကို ကင်းဝေးစေပါလိမ့်မယ်။

၅။ အိပ်ရာမ၀င်ခင် အသားငါးစားခြင်းမှရှောင်ကြဉ်ပါ။
အိပ်ရာမ၀င်ခင် ၂နာရီအတွင်း အသားငါးစားခြင်းမှ ရှောင်ကြဉ်ရန်လိုအပ်ပါတယ်။ အသားငါးတွင် ပါ၀င်တဲ့ အက်ဆစ်ဓာတ်ဟာ ၀မ်းမီးတောက်ခြင်းကို ဖြစ်ပေါ်စေပြီး အစာချေဖျက်မှုကို ပိုမိုကြာရှည်ခက်ခဲစေတာကြောင့် အိပ်မပျော်ဖြစ်စေပါတယ်။ ကာဗွန်ဟိုက်ထရိတ် ပါဝင်သော အစားအစာများဖြစ်တဲ့ ဂျုံ၊ ပါမုန့်၊ ကွေကာအုပ်စသည်တို့ကို စားခြင်းဖြင့် အိပ်မောကျချိန်ကို ပိုမိုနီးကပ်လာစေပါတယ်။

၆။ ကဖင်းပမာဏကို လျှော့ချပါ။
ကော်ဖီ၊ ချော့ကလက်တို့တွင် ပါ၀င်တဲ့ ကဖိန်းဓာတ်ဟာ နှိုးကြားတက်ကြွမှုကို ဖြစ်ပေါ်စေတာကြောင့် အိပ်မပျော်ဖြစ်စေပါတယ်။ ကဖင်းဓာတ်ဟာ သောက်သုံးပြီး ၁၀နာရီကြာမြင့်သည့်တိုင် နှိုးကြားတက်ကြွခြင်းကိုဖြစ်စေတာကြောင့် အိပ်စက်မှုအရည်အသွေးများကို ကျဆင်းစေပါတယ်။ ကဖင်းအစား သဘာ၀သစ်သီးဖျော်ရည်များကို သောက်သုံးပေးခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

၇။ ငှက်ပျောသီးစားပါ။
ငှက်ပျောသီးဟာ အိပ်မပျော်မဖြစ်နေသူများအတွက် တစ်နေ့တစ်လုံးပုံမှန်စားသင့်တဲ့ အသီးဖြစ်ပါတယ်။ ငှက်ပျောသီးမှာပါ၀င်တဲ့ မယ်လတိုနင်ဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ထိန်းသိမ်းပေးပါတယ်။

၈။ ဒူးခေါင်းမှစ၍ရေလောင်းပေးပါ။
အိပ်ရာမ၀င်ခင်ခြေသလုံးအထက်ပိုင်း ဒူးခေါင်းမှစပြီး ရေ ၁ခွက်မှ ၃ခွက်လောင်းပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ တစ်နေကုန်ကိန်းအောင်းနေတဲ့ အပူအခိုးများကျဆင်းစေပြီး ပေါ့ပါးလန်းဆန်းကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

၉။ အမှောင်ချအိပ်ပါ။
တောက်ပတဲ့အလင်းရောင်ဖြင့် အိပ်စက်ခြင်းဟာ ဦးနှောက်မှ မယ်လတိုနင်ထုတ်လုပ်မှုကိုလျော့နည်းစေပြီး အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တောက်ပတဲ့အလင်းရောင်အစား ညအိပ်မီးကိုသာ အသုံးပြုခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာဖြစ်ပါတယ်။

(JOB seekers Journal အတွဲ(၄) ၊အမှတ်(၂၅) ကျန်းမာရေးကဏ္ဍမှကောက်နုတ် ဖော်ပြချက်ဖြစ်ပါသည်။)

Photo

01/12/2021

Edit-1 ယောက်လို

Yoga Life

Yoga Class လေး 6.12.2021 စဖွင့်ပါပီနော်

Date 🗓- Monday to Friday

Time ⏱- 7:00-8:00 Am

Fees -35000/-

🏡 - 6/4 / East Circular Road /
Yay Aye Kwin Quarter.

☎ - 09 428310595

(လူဦးရေကန့်သတ်ထားလို့ အမြန်စာရင်းပေးသွင်းနိုင်ပါပီ)

Photos from Yoga Life - Taunggyi's post 21/09/2021

သင် သိပါသလား?

Photo credit

Photos from Yoga Life - Taunggyi's post 18/09/2021

Online Class

☘ ခုလိုချိန်မျိုးမှာ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ

ခြင်းကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ Yoga Life မှ ဆုမွန်

ကောင်းတောင်းလျှက် 🙏🙏🙏

24/08/2021

သွေးတွင်း အောက်စီဂျင် များစေရန်
_________________
သွေးပျစ်ခြင်းအတွက် ရေကုထုံး
~~~~~~~~~~~~~

သွေးပျစ်ရင် သွေးတွင်းအောက်စီဂျင်ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_

၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။

၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။

၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။

၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်းကောင်းကောင်းမမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင် အမြန်ကုစားကြပါ။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_

၁။ ရေများများသောက်ပါ။

၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။

၃။ တိရစ္ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။

၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။

သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့ ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတွေက်ို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့_

၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။
၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။
၃။ ကြွက်သားကို သန်မာစေတယ်။
၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
၅။ စွမ်းအင် တိုးပွားစေတယ်။
၆။ ဝိတ်ကျစေတယ်။
၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။
၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။

- ရေခဲရေကို ရှောင်ပါ။
- ရိုးရိုးရေကို များများသောက်ပါ။
- ရေနွေးကို များများသောက်ပါ။

- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊
- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
Crd:

Photos from Yoga Life - Taunggyi's post 21/06/2021

Happy International Yoga Day 🙏🙏🙏

Photos from Yoga Life - Taunggyi's post 28/05/2021

စိတ်နှင့်ခန္ဓာ ကျန်းမာဖို့ Yoga Life မှ နွေးထွေးစွာကြိုဆိုပါတယ် 🧘‍♀️🧘‍♀️🧘‍♀️

Photos from Yoga Life - Taunggyi's post 28/01/2021

We can fly 😊😊😊

15/01/2021

တောင်ကြီးမြို့မှယောဂချစ်သူများမင်္ဂလာပါရှင်...

ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့အခုလိုကာလမှာ စိတ်ဖိစီးမှုများပြီးလေးလံထိုင်းမှိုင်းနေလျှင် "ကျန်းမာပျော်ရွှင်လှပဖို့ Yoga Life ကိုလှမ်းကြစို့" ဆိုတဲ့ဆောင်ပုင်္ဒလေးနှင့်အညီ နည်းစနစ်မှန်ကန်စွာစေတနာပါပါနှင့်နွေးနွေးထွေးထွေးသင်ကြားပြသပေးသောယောဂဆရာမလေးများရှိရာ ကျွန်မတို့ရဲ့ Yoga Life ယောဂသင်တန်းကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။

သင်တန်းချိန်များကိုလည်းအဆင်ပြေအောင် မနက်ပိုင်းသင်တန်းများ ညနေပိုင်သင်တန်းများနဲ့ private class များ စသည်ဖြင့်တန်းခွဲများထားရှိပေးတဲ့အတွက်မိမိနှစ်သက်ရာသင်တန်းချိန်ကိုဆွေးနွေးတိုင်ပင်ပြီးတက်လို့ပါပြီရှင်။

🔹သီးသန့်တစ်ဦးတည်းသင်ချင်သူများ ၊ မိမိအုပ်စုဖြင့်သီးသန့်သင်ချင်သူများလည်း ကိုယ်လိုချင်တဲ့အချိန်ရအောင်အမြန်ဆုံးစုံစမ်းဖို့ဖိတိခေါ်လိုက်ရပါတယ်ရှင်။

🔹သင်တန်းခန်းမကိုလည်း အရက်ပျံ ၊ dettol တို့ဖြင့်ပိုးသတ်ခြင်းများ မကြာခနပြုလုပ်ပေးသည့်အတွက် စိတ်အေးချမ်းသာစွာယောဂလာရောက်ကျင့်နိုင်ပြီဖစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

🔸သင်တန်းနေရာ- ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးကွင်းရပ်ကွက် တောင်ကြီးမြို့။ ( အမှတ်၅စျေးအနီး ၊Bar23မျက်စောင်းထိုး ၊ ယွန်းမြို့သူဆ်ိုင်ကယ်နဲ့ဖုန်းဆိုင် မျက်နှာချင်းဆိုင်)

🔸စုံစမ်းဆက်သွယ်ရန်ဖုန်း- 09796602209

15/01/2021

🌸 𝒮𝒶𝓀𝓊𝓇𝒶 🌸

Photos from Yoga Life - Taunggyi's post 10/01/2021

Sunrise & Yoga 🌅 🧘‍♀️

Photos from Yoga Life - Taunggyi's post 08/01/2021

Shoulder Stand

Photos from Yoga Life - Taunggyi's post 30/12/2020

ဆောင်းတွင်းအေးတဲ့ရာသီဥတုလေးမှာ တက်ကြွလန်းဆန်းနေသော Yogi လေးများ
6:00-7:00 Pm class

25/12/2020

Happy Cristmas to you all 🎄🎄🎄🎅🤶🎅

Photos from Yoga Life - Taunggyi's post 19/12/2020

စိတ်နှင့်ခန္ဓာ ကျန်းမာဖို့ ယောဂကျင့်ကြစို့

Photos from Yoga Life - Taunggyi's post 03/09/2020

ကြိုးစားကြသူတွေ 😘😘😍😍

Photos from Yoga Life - Taunggyi's post 11/08/2020

💕💕💕

Photos from Yoga Life - Taunggyi's post 23/07/2020

၇ ရက်ပဲရှိသေးတဲ့ သင်တန်းသူသစ်လေး Wai Wai Nyein ရဲ့ကြိုးစားအားထုတ်ပုံလေးတွေပါ

Photos from Yoga Life - Taunggyi's post 11/07/2020

ကြိုးစားကြသော ချစ်မတ်မတ်များ 😚😘😘 လူစုံရင်ပိုပျော်ဖို့ကောင်း 7:00-8:00 Pm

🧘‍♀️ စိတ်နှင့်ခန္ဓာ ကျန်းမာဖို့ Yoga Life ကိုလှမ်းကြစို့ 🧘‍♀️

Photos from Yoga Life - Taunggyi's post 03/07/2020

ကျန်းမာ သန်စွမ်း ယောဂ အစွမ်း 🧘‍♀️

🧘‍♀️ 6.7.2020 7:00-8:00 am တန်းသစ်မှာလည်း ကြိုတင်

စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်

ဆက်သွယ်ရန်
09-428310595

Photos from Yoga Life - Taunggyi's post 02/07/2020

7:00-8:00 pm class 💪💪💪

Photos from Yoga Life - Taunggyi's post 21/06/2020

# HappyInternational Yoga Day 2️⃣ 0️⃣⃣2️⃣0️⃣

မိတ်ဆွေတို့ရဲ့ ကျန်းမာရေးတွက် ယောဂကျင့်မယ်ဆိုရင် Yoga life မိသားစုမှ

20/06/2020

Surya Namaskar နေမင်း ဂါရဝပြု ကျင့်စဉ်ကို ထိုင်ခုံလေးတလုံးရှိနေရုံနဲ့ ပုံထဲကအတိုင်း ကျင့်လို့ရပါတယ် အားလုံး အညောင်းညာလေးပြေသွားအောင် ခုပဲကျင့်ကြည့်လိုက်ပါနော်...

10/06/2020

အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ

အရိုး

●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

ကြွက်သား

■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက်အ
ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

အကြော. အဆစ်.

●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ် ( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

အတွင်းကလီစာများ

▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

▪~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း ညဖက်ဆီးခဏခဏ
သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

နှလုံး

နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော
တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check
သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

အသည်း

◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက် အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)

ကျောက်ကပ်

¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

သရက်ရွက်

◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း
ကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ ( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်
သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး
ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ (ရှောကနဲ အဖြောင့်လိုက်သွားပြီး
ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ
ထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် - တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ ( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

အူမကြီး

● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ် ( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ် ( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင်ပြဿနာ
မရှိပါ။
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ
ထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား မကောင်းတော့ဘူး ဗီတာမင်
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့

အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ယောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။


အသက်ကြီးသူများလိုက်နာရန်

မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ
ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။

●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကို များများသောက်ပေးပါ။

●လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး သွားလာပါ။

●တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - မိမိကိုယ်ကို လဲမကျအောင် တုတ်ကောက်
က အကူရသည်။

credit - original
#ကျန်းမာရေး
mts
လူသားအားလုံး အမြဲကျန်းမာပျော်ရွှင်ပြီး ဘေးကင်းကြပါစေလို့ Yoga Life မှဆုမွန်ကောင်းတောင်လျှက်...

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

မိတ်ဆွေ တို့ကို ဖွေး ခုလေ့ကျင့် သင်ကြာပေးနေတဲ့  Pilates ဆိုတာလေးနဲ့ မိတ်ဆက်ပေးပါရစေ 😊😊Pilates ဆိုတာဘာလဲ ?Pilates သည် 20 ...

Category

Telephone

Website

Address

Yangon

Other Yoga & Pilates in Yangon (show all)
YoursYogabywutyee YoursYogabywutyee
Yangon

#yogabywutye3 #freelanceinstructor #onlineyogaclass

Nadia - Yoga Nadia - Yoga
Yangon

Nadia is a certified yoga teacher, based in Yangon. Hatha, Vinyasa, Children & teens, Trauma-informed

AV Yoga AV Yoga
Thanthumar Road
Yangon, 11091

Foster harmony among mind, body, and spirit for a better quality of life.

PHYU's Yoga Studio PHYU's Yoga Studio
အမှတ်-၁၆၅၊ အနော်ရထာလမ်း နှင့် ဦးအော်ဇေယျ လမ်းထောင့် ၊၂ ရပ်ကွက်၊ မရမ်းကုန်း ။ Near Hlaing Township ။
Yangon, 11062

Do Yoga with PHYU!

Tara Yoga Tara Yoga
Ngar Htat Gyi Pagoda Street
Yangon, 11201

Self knowledge - love - kindness Tara aims to improve people’s work-life balance, increase health an

Aung Aung Yoga Fitness Studio and Healthy Spa Aung Aung Yoga Fitness Studio and Healthy Spa
Near Gate How Bus Stop , No (1073) 7 Market Street 6 Quarter Tharkayta Township
Yangon, 11231

"Yoga is the journey of the self, through the self, to the self.

Isha Hath Yoga- yangon Isha Hath Yoga- yangon
Yangon, 11061

This group will provide a separate space for hath yogis or aspiring ones to seek guidance, have disc

Metta Yoga Metta Yoga
No. (65) , Neikban Street , Kyeemingdaing Township
Yangon, 11123

Certified 200hrs YTTC ( The Yoga Institute ( Mumbai )- India , 200hrs YTTC( Mahi Yoga- India)

Teacher Myo Yoga Studio Teacher Myo Yoga Studio
အမှတ်၄_၄လွှာ အရှေ့ဗဟိုလ်လမ်း . ဆရာစံမြောက်အရှေ့ရပ်ကွက် ဂွတ္တလစ် ဗဟန်းမြို့နယ် ရန်ကုန်
Yangon, 0095

ယောဂကျင့်ခြင်းအားဖြင့် ရရှိလာမယ့်ကျန်းမာရေးအကျိုးကျေးဇူးများကို မျှဝေပေးသွားပါမယ်။

Ramona’s Channel Ramona’s Channel
Mingalar Street
Yangon, 11011

Ramona's Channel intention is "To create change for a positive impact".

Studio de Pilates Studio de Pilates
Thein Phyu Boxing Stadium, Corner Of Thein Phyu Street And Kanpat Street
Yangon, 11221

Passionate team of experts in yoga and Pilates fields providing best in class training to the Pilate