Unofficial: Smart Fitness Centre
Improving the health knowledge of all people and all of my friends.
🙏 International Yoga Day ဖြစ်ပေါ်လာပုံ 🙏
☘️ yoga ကျင့်တဲ့ yoga ဆရာမတွေဖြစ်စေ ၊ yoga ကျင့်နေကြတဲ့ သင်တန်းသူ yogi တွေ ဖြစ်စေ International yoga day မှာ စုပေါင်းလေ့ကျင့်လေ့ရှိကြပါတယ်
☘️ ကျမတို့ဟာ အဦးအစ သမိုင်းကို သိထားပြီး ကျင့်ကြရင် ပိုမို အသိဉာဏ် အကျိုးရှိ တိုးတက်စေတာမို့ ဗဟုသုတ ရစေခြင်းအလို့ဌာ ပြန်လည်ဝေမျှ ခြင်းဖြစ်ပါတယ်ရှင်
☘️ ဝေဒကျမ်းတွေအရ ဒီနေ့မှာ သီဝဘုရားရှင်က တပည့်တွေကို ယောဂပညာ စတင်သင်ကြားပေးခဲ့ပါတယ်
☘️ ဒါကြောင့် Yoga ပညာသီဝဘုရားရှင်ဆီကနေ တပည့်တွေဆီ သင်ကြားပေးခဲ့တဲ့ June 21 ရက်နေ့ကို နိုင်ငံတကာ yoga နေ့အဖြစ်သတ်မှတ်ပီး တကမ္ဘာလုံးမှာ yoga ကျင့်စဉ်ကို စုပေါင်းလေ့ကျင့်ကြပီး yoga နေ့အဖြစ်
ကျင်းပနေကြတာဖြစ်ပါတယ်
☘️ သီဝ ဘုရား ကို ထူးမြတ်သူ ( မဟေ့ရှ်) သို့မဟု မဟာဒေဝ လို့လဲခေါ်ပါတယ်
☘️ သီဝ ဘုရားရှင်ဟာ မြင့်မြတ်မှု့၊ ငြိမ်းချမ်းမှု့၊ လေးနက်မှု့တွေကို ကိုယ်စားပြုပါတယ်
☘️ ဟိန္ဒူနတ်ဘုရားတွေထဲက ပြီးပြည့်စုံသော ဂုဏ် အရည်သွေးရှိမှု့ကို ကိုယ်စားပြုထားတာဖြစ်ပါတယ်
☘️သီဝရဲ့ ထူးခြားချက်က တတိယမျက်လုံး ပိုင်ဆိုင်ထားမှု့ ပဲဖြစ်ပါတယ် စေတလုံးပိုင်ရှင်လို့လဲ ခေါ်ကြပါတယ်
☘️ မျက်လုံးအစွမ်းနဲ့ စကြဝဠာ တခုလုံးကို မြင်သိနိုင်ရုံမျှမက သာမန်သညာသိကိုကျော်ကာ နက်နဲသောသိမှု့သစ္စာ ကိုပါ ရရှိထားတာ ဖြစ်ပီး ထိုအစွမ်းဖြင့် လူ့လောကမှာ yoga အကျင့်တရားကို စတင်ဟောကြားခဲ့တာပဲဖြစ်ပါတယ်
☘️ သီဝ ရဲ့ နတရာဇရုပ်သွင်မှာ တဖက်မှာ ဒမရု ဗုံငယ်ကိုကိုင်ကာ အခြားတဖက်တွင် မကောင်းမှု့ကိုဖျက်ဆီးနိုင်တဲ့ မီးလျံရှိပါတယ်
☘️သီဝဘုရားရဲ့ ထင်ရှားတဲ့ တြိဆူလ သုံးခွမှိန်းဟာ မကောင်းမှု့များနဲ့ ဆန့်ကျင့်ဖက် တရားများကိုဖယ်ရှားတဲ့ သက်ေတ တခုဖြစ်ပါတယ်
☘️ သီဝရဲ့ နောက်ထပ်ရုပ်သွင်တခုက အသားရောင်ကိုအပြာနဲ့ဖော်ပြထားပီး ကောင်းကင်နဲ့ ရေ ကိုတင်စားထားတာဖြစ်ပါတယ်
☘️ လည်ပင်းနဲ့ လက်မောင်းမှာ ပါတ်ထားတဲ့ မြွေတွေက လူ့ခန္ဓာကိုယ်အတွင်းက ကုဏ္ဋလိနီ နိုးကြားမှု့ကို ကိုယ်စားပြုထားတာဖြစ်ပါတယ် မဖွင့်မပိတ်မျက်လုံးက သမာဓိကို ရည်ညွန်းပီး ကိလေသာစင်ကြယ်ခြင်း သက်ေတ ဖြစ်ပ့တယ်
☘️ တရားအားထုတ်သူ ယောဂီတိုင်းအတွက် မိမိလိုချင်တပ်မက်မှု့ ရာဂနဲ့ မသိမှု့ အဝိဇ္ဇာတို့ကို ဖယ်သတ်ကာ သံသရာလမ်းပေါ်ရောက်အောင်အားထုတ်ပီး အားထုတ်နေစဉ် အတွေးအနှောင့်ယှက်တွေကို ဂရုပြုကာ ဉာဏ်အလင်းရရှိစေဖို့ မဟာယောဂီသီဝကလမ်းညွန်ပြသပေးတဲအတွက်မြင့်မြတ်တဲ့ မဟာယောဂီ ပဲဖြစ်ပါတယ်
☘️ ဒါကြောင့် June 21 International yoga day ကိုမြင့်မြတ်သောနေ့အဖြစ် ကမ္ဘာအသိမှတ်ပြု သတ်မှတ်ထားကျင်းပနေကြတာတာပဲဖြစ်ပါတော့တယ်ရှင် ☘️
🙏🙏🙏 Namaste
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
Ruby
Yangon
11411
Opening Hours
Monday | 06:30 - 20:00 |
Tuesday | 06:30 - 20:00 |
Wednesday | 06:30 - 20:00 |
Thursday | 06:30 - 20:00 |
Friday | 06:30 - 20:00 |
Saturday | 06:30 - 20:00 |
Yangon
Pilates for everyBODY,a Certified Pilates Instructor working with people of all Ages & Levels 💕